၂၀၂၅ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာသနာ့အနွယ်ဝင်သံဃာတော် တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၀ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တောင်ကုန်းဘုန်းကြီးကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် လေးစီးဖြင့် မောင်းဂွက်တောကျေးရွာမှ ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဥူးစိန္တိက(၆၀)နှစ်၊ ဝါတော် (၄၁)ဝါ၊ (ဘ)ဦးထွန်းကြည်အား မေးမြန်းစရာရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သာသနာ့အနွယ်ဝင်သံဃာတော် တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။