တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်သည် မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းပါသဖြင့် ဆေးကုသရန် တောင်တွင်းကြီး-နတ်မောက်- ရန်ကုန် “မြရတနာ” မှန်လုံခရီးသည်မော်တော်ယာဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါသွားစဉ် နတ်မောက်မြို့ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာ ရွာမွန်စစ်ဆေးရေးဂိတ်အရှေ့ဘက် ၈ မိုင်ခန့်အကွာ သစ်လှကျင်းကျေးရွာနှင့် ဝင်အူကျေးရွာလမ်းခွဲအရောက်တွင် အကြမ်းဖက် PDF အင်အား ၁၀ ဦးခန့်(စိစစ်ဆဲ)မှ မော်တော်ယာဉ်အား ရပ်တန့်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။