Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ဌာနဆိုင်ရာရုံးများအား Drop Bomb များ၊ လက်နက်ကြီး/ငယ်များ အသုံးပြု၍ အကြောင်းမဲ့ တိုက်ခိုက်ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ စက်စုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းသန်း(ခ)ဦးဖိုးလုံးသည် နေအိမ်၌ရှိနေစဉ် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာဘက်(စစ်တောင်းမြစ်တစ်ဘက်ကမ်း)မှ စက်လှေဖြင့် ဖြတ်ကျော်လာသော အကြမ်းဖက်သမား လေးဦးခန့်(စိစစ်ဆဲ)မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။