တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၈ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ဧမြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသန်းဌေးသည် ဧမြဝတီရပ်ကွက်၊ “အစေခံ” ခံတပ်အနီး “ကောင်းလိုက်” လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် အကြမ်းဖက် PDF ခြောက်ဦးမှ ဆိုင်ကယ် သုံးစီးဖြင့် လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးအား ဖမ်းဆီး၍ ကြေးဘုရားကြီးလမ်းမှတစ်ဆင့် စစ်ကိုင်းမြို့၊ တဲကြီးအရှေ့တာကျေးရွာအုပ်စု၊ ကန္နားတော်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။