Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ(မြို့မ)၌ RC နှစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တည်ဆောက်ရေးအရည်အသွေးစစ်ဆေးရေးကော်မတီဝင်များနှင့်အတူ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တက်လူထူး ကုမ္ပဏီမှ တာဝန်ယူဆောက်ရွက်လျက်ရှိ‌သော RC နှစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။