Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်မှုဇုန်(၁)ရှိ Unilever EAC Myanmar Co.,Ltd “ဆပ်ပြာစက်ရုံ”တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်မှုဇုန်(၁)ရှိ Unilever EAC Myanmar Co.,Ltd ၏ ဆပ်ပြာစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။ 
     အဆိုပါအသိပညာပေးဟောပြောပွဲတွင် မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျကိုင်တွယ်ငြှိမ်းသတ်နိုင်ရေးနည်းလမ်းများနှင့် မီးလောင်မှုတွင် ပိတ်မိနေသောလူနာများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ကယ်ဆယ်မှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ပြည်ကြီးတံခွန်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၉)စီးတို့ဖြင့် ကုမ္ပဏီဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင်မှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။