Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ ၈၆(ဘီ)လမ်း၊ ၃၀ x ၃၁ လမ်းကြားရှိ နေအိမ် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ ၈၆(ဘီ)လမ်း၊ ၃၀ x ၃၁ လမ်းကြားရှိ ပိုင်ရှင် ဒေါ်မိုးမိုး အိမ်ငှားဖြစ်သူ ဦးရဲသွေး(ဂိတ်မှူး)၏ ၂၄ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ နံကပ် နှစ်ထပ် “ရတနာရွှေပြည်” (ရမည်းသင်း-မန္တလေး)ကားဂိတ် ဖွင့်လှစ်ထားရှိရာ နေအိမ်အောက်ထပ်တွင် လျှပ်စစ်မိန်းခုံရှော့ဖြစ်ပြီး အောက်ရှိ ရေခဲဖော့ပုံးများပေါ်သို့ မီးပွားကျရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ အောင်မြေသာစံမြို့နယ် မီးသတ်စခန်းနှင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ နံကပ် နှစ်ထပ် နေအိမ် နှစ်လုံး၊  ၁၂ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ အုပ်ညှပ် နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၂ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊  ၁၂ x ၁၂ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ် နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ် နှစ်ထပ် နေအိမ် တစ်လုံး၊  စုစုပေါင်း နေအိမ် ခြောက်လုံးနှင့် MDY-14U XXXX BAJAI RE အမျိုးအစား (အဝါရောင်) မီနီအိုးဝေ တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဂိတ်မှူး ဦးရဲသွေးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။