Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်အေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ အကွက်အမှတ်(၈၀၆)၊ ၂၇ လမ်း ၆၂ x ၆၃ လမ်းကြား၊ “76 အားကစားပစ္စည်းဆိုင်” မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက် ည ၈ နာရီ ၄၈ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်အေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ အကွက်အမှတ်(၈၀၆)၊ ၂၇ လမ်း ၆၂ x ၆၃ လမ်းကြားတွင် အိမ်ငှား ဒေါ်အေးအေးငြိမ်း၏ ၁၅ x ၃၀ ပေ၊ RC သုံးထပ် “76 အားကစားပစ္စည်းဆိုင်” အဆောက်အအုံရှိ တတိယထပ်ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ထားရာမှ အောက်ရှိ ဖော့ပြားပေါ်သို့ ဖယောင်းတိုင်ပြုတ်ကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၃၀ ပေ၊ RC သုံးထပ် “76 အားကစားပစ္စည်းဆိုင်” အဆောက်အအုံ တတိယထပ်ရှိ မျက်နှာကြက်များနှင့် အလူမီနီယံတံခါးများ၊ ကြမ်းခင်းဖော့ပြားများနှင့် အားကစားပစ္စည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ဦးလေးညွန့်အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။