၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၈x၂၉ နှင့် ၈၁x၈၂ ကြားတွင် ပိုင်ရှင် ဦးသန်းထွေး၏ ၁၅x၄၀ ပေ၊ (RC) နှစ်ထပ် နေအိမ်တွင် ခေါင်မိုးထပ်အား ကွန်ကရစ်လောင်းရန် Deck Sheep သံပြား ဂဟေဆော်ရာမှ အောက်ရှိအဝတ်ပုံပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅x၄၀ ပေ၊ (RC) နှစ်ထပ် နေအိမ်၏ အပေါ်ထပ်ရှိ မျက်နှာကြက်တံခါးများ၊ အဝတ်အစားများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန်းထွေးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။