၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ YBS ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ မင်းရာဇာလမ်းထိပ်၊ အနော်ရထာလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အနော်ရထာလမ်းအတိုင်း မြောက်မှ တောင်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာနေ စောလဘွဲ့(၃၇)နှစ် မောင်းနှင်လာသည့် YGN-5/1N-XXXX HYUNDAI BUS (YBS-85) ခရီးသည်တင် မော်တော်ယာဉ်သည် မင်းရာဇာလမ်းထိပ်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာနေ ဦးမြအေး(၆၀)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမြအေးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့သောကြောင့် စောလဘွဲ့ အား သောင်ကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ YBS ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။