Language: Myanmar English

တင်ဒါထုတ်ပြန်ချက် - ၉၀ (၂၈-၃-၂၀၂၅)

ပြည်ထဲရေးဝန်ကြီးဌာန
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ
အိတ်ဖွင့်တင်ဒါ Open Tender ခေါ်ယူခြင်း
၁။    ပြည်ထဲရေးဝန်ကြီးဌာန၊ စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီသည် ဝန်ကြီးရုံး၊ တပ်ဖွဲ့/ဦးစီးဌာနများအတွက် လိုအပ်သောစက်နှင့်စက်ပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ စစ်ဆေးရေးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ၊ အခြားရုံးသုံးပစ္စည်းများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။    အဆိုပါပစ္စည်းတင်သွင်းလိုသော ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာများကို ၁-၄-၂၀၂၅ ရက်နေ့မှစ၍ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် သက်ဆိုင်ရာတပ်ဖွဲ့/ဦးစီးဌာနများတွင် ဝယ်ယူနိုင်ပြီး ၂၈-၄-၂၀၂၅ ရက်နေ့ ညနေ (၁၆၀၀)နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။ 
၃။    တင်ဒါဖွင့်လှစ်မည့်နေ့ရက်အား နိုင်ငံပိုင်သတင်းစာများမှ ထပ်မံကြော်ငြာမည်ဖြစ်ပါသည်။
၄။    အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
       (က)    ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး          ဖုန်း-၀၆၇-၃၄၁၂၄၆၆၊ ၀၆၇- ၃၄၁၂၇၈၈
       ( ခ )    မြန်မာနိုင်ငံရဲတပ်ဖွဲ့                               ဖုန်း-၀၆၇-၃၄၁၂၅၁၂၊ ၀၆၇- ၃၄၁၂၄၀၂
       ( ဂ )    အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန           ဖုန်း-၀၆၇-၃၄၃၁၃၉၀၊ ၀၆၇-၃၄၃၁၃၉၅
       (ဃ)    အကျဉ်းဦးစီးဌာန                                  ဖုန်း-၀၆၇-၃၄၃၁၄၂၆၊ ၀၆၇-၃၄၃၁၄၂၀
       ( င )    မီးသတ်ဦးစီးဌာန                                  ဖုန်း-၀၆၇-၃၄၂၀၀၂၅၊ ၀၁-၆၆၁၅၄၄
 
 
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ