ပြည်ထဲရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်း
စိစစ်ရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၏ အောက်ဖော်ပြပါ တပ်ဖွဲ့/ ဦးစီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ပါသည် -
(က) ပြည်ထောင်စုဝန်ကြီးရုံး။ နေပြည်တော်။
(ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့။ နေပြည်တော်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
(ဂ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ နေပြည်တော်။
(ဃ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး။
(င) အကျဉ်းဦးစီးဌာန။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး။
(စ) မီးသတ်ဦးစီးဌာန။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး။
၂။ အဆိုပါလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များသည် လုပ်ငန်းဆိုင်ရာအဆိုပြုလွှာများကို ၄-၄-၂၀၂၅ ရက်နေ့မှ စတင်ဝယ်ယူနိုင်ပြီး ၂၈-၄-၂၀၂၅ ရက်နေ့ ၁၆၀၀ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
၃။ တင်ဒါစည်းကမ်းချက်များနှင့်အညီ အဆိုပြုလွှာတွင်ပါဝင်ရမည့် အချက်အလက်များကို သက်ဆိုင်ရာ တပ်ဖွဲ့/ ဦးစီးဌာန(ရုံးချုပ်)များတွင် ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပါသည်။ တင်ဒါတင်သွင်းမည့် ကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့် ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီ Profile ကိုပါ တင်ပြရမည်ဖြစ်ပါသည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
(က) ဝန်ကြီးရုံး ဖုန်း ၀၆၇-၃၄၁၂၇၈၈ ၊ ၀၆၇-၃၄၁၂၄၃၇
(ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း ၀၆၇-၃၄၁၂၁၃၈ ၊ ၀၆၇-၃၄၁၂၄၆၂
(ဂ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၁၂၈၂၂ ၊ ၀၆၇-၃၄၁၂၇၇၂
(ဃ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၃၉၀ ၊ ၀၆၇-၃၄၃၁၃၉၅
(င) အကျဉ်းဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၄၂၀ ၊ ၀၆၇-၃၄၃၁၄၂၆
(စ) မီးသတ်ဦးစီးဌာန ဖုန်း ၀၆၇-၃၄၂၀၀၂၅ ၊ ၀၁-၆၆၁၅၄၄
တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ